ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်က မူးယစ်ဆေးဝါးအများအပြားအား ဖမ်းဆီးရမိခဲ့ပြီးနောက် ကောင်းခါးပြည်သူ့စစ်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးမေးမြန်းနေကြောင်း သတင်းရရှိသည်။ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ တပ်မတော်က ထိုသို့ ထိန်းသိမ်းစစ်ဆေးနေခြင်းမှာ ဖမ်းဆီးသည့်သဘောမျိုး မဟုတ်သေးဘဲ ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့်ပတ်သက်၍ သတင်းပေးရန် ပျက်ကွက်သည်ဟုဆိုကာ ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင်အချို့ကို တပ်မတော်ဘက်က မတ် ၂၅ ရက်မှစ၍...