လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဂျွန် ဘားနက်စ်က လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို သက်သောင့်သက်သာ ရရှိမှာ ဖြစ်ပေမဲ့လည်း အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို မမှီနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားပြီးရာမှာ ရှုံးပွဲမရှိသေးတာကြောင့် ပွဲစဉ် (၄၉) ပွဲ ရှုံးပွဲ မရှိခဲ့တဲ့ နည်းပြ ဝင်းဂါးရဲ့ အာဆင်နယ်အသင်းကို မှီနိုင်ဖို့ ဖြစ်နိုင်ချေ ရှိပါတယ်။ Photo Credit: Dailymail အာဆင်နယ်အသင်းဟာ နည်းပြ ဝင်းဂါးရဲ့ လက်ထက် (၂၀၀၃)...